Posts

Showing posts from August, 2025

ကျောက်ဖြူဒေသ စစ်ရေးတင်းမာမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်

Image
                   ကျောက်ဖြူဒေသ စစ်ရေးတင်းမာမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန် ကျောက်ဖြူ၊ ရခိုင်ပြည်နယ် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် မကြာသေးမီက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် စစ်ရေးဆိုင်ရာ တင်းမာမှုများကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်တော် (AA) သည် "သစ္စာဖောက်" ဟု စွပ်စွဲခံထားရသူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံများ ကြောက်ရွံ့နေ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံများ၏ ပြောကြားချက်အရ AA က ၎င်းတို့နှင့် သဘောထားမတိုက်ဆိုင်သူ သို့မဟုတ် “သစ္စာဖောက်” ဟု ယူဆရသူများကို လိုက်လံဖမ်းဆီးနေပြီး အချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။ ဤလုပ်ရပ်များသည် ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်ရွာ ကဲ့သို့သော ကျေးရွာများမှ ဒေသခံများအကြား ကြောက်ရွံ့ထိတ်လန့်မှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို တိုးမြှင့်စေခ...

■ စစ်ကောင်စီကို ထောင်လှမ်းရေးစင်တာ ထောက်ပံ့မှုဖြင့် တယ်လီနောမြန်မာကို JFM နှင့် ICJ Norway တို့က အမှုဖွင့်ထား

Image
 ■ စစ်ကောင်စီကို ထောင်လှမ်းရေးစင်တာ ထောက်ပံ့မှုဖြင့် တယ်လီနောမြန်မာကို JFM နှင့် ICJ Norway တို့က အမှုဖွင့်ထား  Western News| ဩဂုတ် ၂၈  စစ်ကောင်စီအား စောင့်ကြည့် ထောက်လှမ်းရေးစင်တာ ကူညီပေးခဲ့သော တယ်လီနောမြန်မာကို Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်လှစ်ထားကြေင်း JFM က ယနေ့ ထုတ်ပြန်ထားသည်။  တယ်လီနောမြန်မာစီမံခန့်ခွဲမှုအဖွဲ့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုများ (နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်း) ကို ချိုးဖောက်ထားသည်ဟု JFM နှင့် ICJ Norway တို့က ဆိုသည်။  ထို့ကြောင့် JFM နှင့် ICJ Norway တို့သည် တယ်လီနောမြန်မာအား အရေးယူပေးရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နောင်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက်ဖွင့်လှစ်ထားခြင်းဖြစ်သည်။  တယ်လီနောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနှင့် ဆက်နွှယ်သည့် ဒဏ်ခတ်ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် ပါဝင်...